သခိုးဖမ်း alarm

20,000Ks

အိမ်စောင့် ဂိုဒေါင်စောင့် သူခိုးဖမ်းကိရိယာ
Mini Infrared Ray Dual Remote Controller Alarm
တန်ဖိုး ၂၀၀၀၀ ကျပ်
📢 အိမ်၊ ဂိုထောင်၊ ရုံးခန်း၊ ကုမ္ပဏီတို့မှာ ညဘက် (သို့မဟုတ်) ပိတ်ရက်တွေမှာ (သို့မဟုတ်) လူမရှိတဲ့အခါမှာ သူခိုး၊ ဖောက်ထွင်းသမားတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် စိတ်ချရသော တိကျသည့် အခြေခံလုံခြုံရေးပစ္စည်းလေးတစ်ခုပါ။
📢 စိတ်ချရတဲ့ လူယုံအစောင့်၊ ဆွေမျိုး၊ လုံခြုံရေးဝန်ထမ်းတို့ထက်
ပိုမိုတိကျသေချာသော
ကုန်ကျစရိတ်သက်သာသော
၂၄နာရီအလုပ်လုပ်နိုင်သော
ထမင်းမကျွေး ရေမတိုက်ရသော
အနီအောက်ရောင်ခြည်သုံး အချက်ပေးကိရိယာလေး ဖြစ်ပါသည်။
📢 လူဝင်ထွက်နိုင်သည့်နေရာ၊ ဥပစာတို့တွင် Main Base ကို နံရံကပ်တပ်ဆင်ထားပြီး ၎င်း၏ ရှေ့၅မီတာ (၁၅ပေ) ပတ်လည်၁၁၀ဒီဂရီ အကွာအဝေးအတွင်း လူဖြစ်စေ၊ လူ့ခန္ဓာလောက်ရှိသည့် အရာဝတ္ထုဖြစ်စေ လှုပ်ရှားဝင်ရောက်လာသည်နှင့် ၇အိမ်ကြား ၈အိမ်ကြား အသံကျယ်လောင်စွာ အချက်ပေးပါလိမ့်မည်။
📢 ON/ OFF ကို အကွာအဝေး ၈မီတာ (၂၄ပေ) အတွင်းမှ Remote Control ဖြင့် ပြုလုပ်နိုင်ပြီး ၂ယောက် အသုံးပြုနိုင်ရန် Remote Control ၂ခု ပါရှိပါသည်။ တစ်အိမ်သားလုံး အပြင်မထွက်မီ Remote Control ဖြင့် ON ထားလိုက်ပါ။ ONထားပြီး ၂မိနစ်အတွင်း ရှေ့မှဖြတ်သွားဖြတ်လာ လှုပ်ရှားမှုရှိလည်း အသံပေးမည်မဟုတ်ပါ။ အိမ်သားများ အပြင်ထွက်ချိန် တံခါးပိတ်ချိန်အထိ ခေတ္တစောင့်ဆိုင်းပေးသည့်သဘောဖြစ်ပါသည်။ ၎င်းစောင့်ဆိုင်းချိန် ကျော်လွန်မှ စတင်တာဝန်ထမ်းဆောင်ပြီး တစုံတယောက် ထွင်းဖောက်ဝင်ရောက်လာမှသာ အချက်ပေး အသံကုန်မြည်ပေးပါလိမ့်မည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ သိရှိပြီး အချိန်မီ တားဆီးနိုင်ပါမည်။
🤔 မြည်သံမှာ ရှေ့ နောက် ဘေးဘီ ပေ၂၀၀လောက်အထိ ကြားနိုင်သဖြင့် တိတ်တဆိတ်ဝင်လာသည့် သူခိုးမှာ ကျိန်းသေထွက်ပြေးရပါလိမ့်မည်။ အကယ်၍ အတင့်ရဲစွာ ၎င်းကိရိယာကို အသံမမြည်အောင် ဖျက်ဆီးမည်ဆိုပါကလည်း ဓါတ်ခဲပြုတ်မထွက်မချင်း အသံမြည်နေပါလိမ့်မည်။ ထို့ကြောင့် သေချာအောင် မျက်နှာချင်းဆိုင် အပေါ်ထောင့်နှစ်ဖက်တွင် တပ်ဆင်ထားပါက လွတ်လမ်းမရှိနိုင်တော့ပါ။
📢 Alarm မှာ အိမ်ရှင် အိမ်သား သူခိုး မခွဲခြားနိုင်ပဲ ဝင်လာသည်နှင့် အချက်ပေးမည် ဖြစ်သောကြောင့် အိမ်သားများ ပြန်လာသည့်အခါတွင် အသံကျယ်ကျယ် ထမမြည်အောင် တံခါးဖွင့်သည်နှင့်တပြိုင်နက် Remote Control ဖြင့် OFF လိုက်လျှင် Alarm မှာ တာဝန်ချိန်ပြီးဆုံးပြီဟု သိရှိပြီး အသံပြုခြင်းကို ရပ်နားလိုက်ပါတော့သည်။
📢 Main Base တွင် AA ဓါတ်ခဲ ၄လုံး ထည့်သွင်းအသုံးပြုရပြီး ( အကောင်းစားဓါတ်ခဲမျိုး ထည့်ထားလျှင် ) သာမန် ၁ပတ်မှ ၃ကြိမ် ၄ကြိမ်ခန့် အသံပြုရလျှင် ၃လခန့် အားခံပါသည်။ Remote Control တွင် အသင့်ပါရှိသော လက်ပတ်နာရီဓါတ်ခဲမှာ ၁နှစ်ခန့် အားခံပါသည်။

Category: